Thursday, May 15, 2014

Posted on 6:32 AM by Thet Naing Soe
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5YjvqMAxTjOAQR2aJYzhM9aJG5-njm0xIISCoh3_DfVjDF0St7oX5KQApad0iBUd0muat5joI47GgsBC_ybiECvjuYKUgDueb32yb73oZj26Ecm3NsdLZfi63H9UVUrJmh2590IiwcGQ-/s1600/Bugshot_2014-04-13_131543+%281%29.png

iOS 7.1 မှာ Zawgyi profile မရတော့တဲ့ အတွက် ဖျက်လိုက် ပြန်သွင်းလိုက်လုပ်နေရတယ်။ Internet connection မရှိတဲ့ အခါမှာ profile ကို download ချဖို့ မလွယ်ဘူး။ ဒါနဲ့ ကျွန်တော် web clip တစ်ခု ဖန်တီးထားပေးပါတယ်။

Zawgyi Profile Offline ကို iOS safari ကနေ ဖွင့်လိုက်ရင် profile သွင်းဖို့ တက်လာပါမယ်။ သွင်းပြီးသွားတဲ့ အခါမှာ iOS application list တွေထဲမှာ Zawgyi Profile ဆိုတာ ပါလာပါမယ်။ အဲဒီ App လေးကို ဖွင့်လိုက်တိုင်း profile install သွင်းဖို့ တက်လာပါမယ်။ Internet မလိုအပ်ပါဘူး။ဇော်ဂျီ မမြင်ရတော့ရင် System အောက်က General အောက်က Profile က Zawgyi Profile ကို ဖျက်။

ပြီးရင် home screen က Zawgyi Profile ကို နှိပ်လိုက်ရင် profile လွယ်လွယ် ပြန်သွင်းလို့ရပါပြီ။
အပြည့်အစုံဖတ်ရန် >> http://www.applemyanmar.net/2014/05/ios-71-jailbreak-iphonepad-zawgyi-font.html

iOS 7 နှင့်အထက်မှာ ဇော်ဂျီ font ကို Jailbreak မလိုဘဲထည့်သွင်းနိုင်ပြီဆိုတာကတော့ သိသူတွေများကြပါတယ်။ ဒါတင်မက မိမိစိတ်ကြိုက် font ကို Jailbreak လုပ်စရာမလိုဘဲထည့်သွင်းနိုင်ပြီဆိုတာ သိသူ နည်းနေပါသေးတယ်။ ဧပြီလကုန်လောက်မှာ AnyFont အမည်ရဆော့ဝဲလေးတစ်ခု iTunes ပေါ်ကိုရောက်ရှိလာပါတယ်။ ဒီဆော့ဝဲလေးက သင့်ဖုန်းကို Jailbreak လုပ်စရာမလိုဘဲ စိတ်ကြိုက် font ဒီဇိုင်းကို device ထဲသို့ထည့်သွင်းပေးမှာဖြစ်ပါတယ်။ Installation profiles စနစ်ကိုအသုံးပြုပြီး font သွင်းစေတဲ့ AnyFont ဆော့ဝဲလေးကို ယခုအခါ iTunes Store မှာ ၀.၉၉ ဒေါ်လာနဲ့ဝယ်ယူလို့ရနေပါပြီ။ AnyFont ဆော့ဝဲကို free ရယူလိုသူများကတော့ Tongbu ဆော့ဝဲထဲကနေ free သွင်းယူနိုင်ပါတယ်။ OpenType (.OTF) သို့ TrueType (.TTF) စတဲ့ font format ၂ မျိုးကို ဒီဆော့ဝဲအသုံးပြုပြီး font ထည့်သွင်းနိုင်မှာပါ။ အသုံးပြုပုံအနေနဲ့ကတော့ Mail app , Dropbox , file manager စတဲ့ဆော့ဝဲတွေနဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပြီး ယင်း app တွေထဲမှာ ကိုယ်က ကြိုတင်ထည့်သွင်းထားခဲ့တဲ့ font ဖိုင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ ဥပမာ mailbox ထဲမှာ သူများက (သို့မဟုတ်) ကိုယ့်ဘာသာ မေးလ်ပို့ထားတဲ့ font file ကိုဖွင့်ကြည့်ရမှာဖြစ်ပါတယ်။ ယင်းကဲ့သို့ဖွင့်လိုက်ပါက Open in Anyfont  ဆိုတာပေါ်လာပါမယ် ။


 အဲဒါကိုနှိပ်လိုက်မှ font က AnyFont ဆော့ဝဲထဲမှာပွင့်လာပြီး font installation step များကိုဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။တစ်ချို့ဆော့ဝဲတွေမှာကျ Open in..... လို့ပဲပေါ်တာမျိုးရှိတတ်ပါတယ်။ အဲဒါကိုနှိပ်ပြီး Anyfont ကိုနှိပ်ရင်လည်းအပေါ်မှာပြောခဲ့တဲ့ step နဲ့အတူတူပဲဖြစ်ပါတယ်။ Font က AnyFont ဆော့ဝဲထဲကိုရောက်ရှိနေပြီဆိုရင်တော့ သွင်းလိုတဲ့ font file ကိုနှိပ်ပြီး install လုပ်နိုင်ပါပြီ။


Font သွင်းရန်Tap to install ကိုနှိပ်လိုက်လိုက်ရုံပါပဲ။


Font Install Profile ပေါ်လာပြီး Install ကိုနှိပ်လိုက်တာနဲ့ သွင်းလိုတဲ့ font ကိုသွင်းပြီးသွားပြီဖြစ်ပါတယ်။


  Any Font နဲ့ စိတ်ကြိုက် font ထည့်သွင်းခြင်းကိုလက်တွေ့လုပ်ပြထားတဲ့ ဗီဒီယိုကျူတိုရီရယ်ကိုတော့အောက်မှာကြည့်ရှုပါ။

https://www.youtube.com/watch?feature=player_embedded&v=CS36lw5braE


အားလုံးပဲအဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

အပြည့်အစုံဖတ်ရန် >> http://www.applemyanmar.net/2014/05/ios-7-font-jailbreak.html
အပြည့်အစုံဖတ်ရန် >> http://www.applemyanmar.net/2014/05/ios-7-font-jailbreak.html

Sunday, September 29, 2013

Root နဲ့ Jailbreak ဆိုတာ ဘာလဲ



       ဒီနေ့ နံနက် Facebook ဖွင့်ကြည့်လိုက်တော့ အသိညီလေးတစ်ယောက်က မြန်မာစာသွင်းဖို့ Root နဲ့ JailBreak လုပ်တာဟာ သူခိုးများအသွင် ပြောင်းယူတာတဲ့ ရှိရှိသမျှ ပတ်ဝန်းကျင် က သူငယ်ချင်းအပေါင်းအသင်းတွေက လာလာပြီး ခိုင်းသမျှ ဖုန်းတွေ ကို Root လုပ်ထားတာ ဖြင့် တစ်ပုံတစ်ပင်။ သူပြောမှ ငါက သူခိုးခေါင်းဆောင်ကြီးကို ဖြစ်လို့။

Android ဟာ Linux Kernel ပေါ်မှာ အခြေခံ ပြီးရေးထားတဲ့ Operation System တစ်ခုပါ။ အခြား Linux Kernel ပေါ်မှာ အခြေခံ ရေးထားတဲ့ Free BSD လို ဒါမှမဟုတ်  Apple ရဲ့ OSX OS တစ်မျိုးပါပဲ။ သူ့ အတွက် Root လုပ်တာက Linux မှာ administrative permissions ရဖို့ အတွက် ပြင်ဆင်လိုက်တာပါပဲ။


Root ဒါမှမဟုတ် Jailbreak ဆိုတာ စက်တစ်လုံးရဲ့ ထိမ်းချုပ်နိုင်မှု အမြင့်ဆုံး အဆင့် ဖြစ်တဲ့ administrator-level permissions ကို ရယူနိုင်အောင် လုပ်တာပါ။ ကိုယ်ပိုင်တဲ့ ပစ္စည်း တစ်ခုကို အဲ့ အဆင့် အထိ ရယူသုံးစွဲနိုင်အောင် လုပ်တာ က ဥပဒေကြောင်းအရ တရားဝင် လဲ ဖြစ်ပါတယ်။ US မှာ User တွေဟာ အကန့် အသတ်မရှိ Root ဒါမှမဟုတ် Jailbreak တရားဝင်လုပ်ခွင့်ရှိပါတယ်။


ဘာလို့ Root လုပ်ရတာလဲ ဆိုတော့ administrator-level permissions ရယူသုံးစွဲဖို့ လိုတဲ့ Application တွေ အတွက် ပါ။

ဥပမာ မြန်မာဖွန့် သွင်းမယ်ဆိုရင်  System ရဲ့ Fonts ဖိုဒါထဲကို မြန်မာစာ ဖွန့် ကို ကူထည့်လိုက်တာပါ။ အဲ့ အဆင့်တွေ အတွက် System ဖိုင်တွေကို လှမ်း ကိုင်တွယ်ဖို့ ဆိုတာ  administrator-level permissions လိုအပ်ပါတယ်။ ဒီအတွက် Root လုပ်ရတာပါ။

နောက်ပြီး bootloader unlock လုပ်တာပါ။ ဒါက ကွန်ပျူတာမှာဆိုရင် BIOS ကို ပြင်ဆင်ခွင့် ပိတ်ထားတာကို ပြင်ဆင်ခွင့် ရအောင် ပြန်လုပ်တာမျိုး ပါပဲ.....။

ကဲ ဒါတွေ လုပ်တော့ ဘာဖြစ်သတုန်း ဆိုတော့  စက်ထုတ်တဲ့ Company က သူ့ ရဲ့ အမခံ မှု ကို ဖျက်သိမ်းတယ်ပေါ့။

သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့ ဆိုရင် စက်တစ်လုံးဝယ်လိုက်လို့ အဲ့ စက်ရဲ့ Hardware အစိတ်အပိုင်းတွေကို ဖြုတ်ကြည့် ရင်  အမခံဖျက်သိမ်းမှာ စိုးတော့ ဖွင့်မကြည့်ကြပေမဲ့ Developer တွေကတော့ လက်ငြိမ်ငြိမ်မနေနိုင်ပေါင် ရရာလက်နှက် စွဲကိုင်ပြီး ဖွင့်တာပါပဲ.........
                                                                                     ခြင်္သေ့မြေခွေး

Monday, September 23, 2013

Ultra Zip file ပြုလုပ်နည်း

Download ဖိုင်ဆိုဒ်ကြီးကြီး..ကို..Upload တင်သောသူတွေအတွက်..အစဉ်ပြေရန်ရည်ရွယ်ပါသည်
Zip ဖိုင်အား ကိုယ်တိုင်မပြုလုပ်မီ ယခု ဖိုင်လေးအား ဦးစွာဒေါင်းပြီး zip ဖြည်ကြည့်စေချင်ပါသည်....
မည်မျှ အံ့သြဖွယ်ရယ်ကောင်းသည်ကို တွေ့မြင်ရပါမည်....
စမ်းသပ်ထားသော Samsung GT-i9300 firmware ဖိုင်အားဒေါင်းယူပြီး 7zip ဖြင့် ဖြည်ကြည့်ကြပါခင်ဗျာ..
ဒေါင်းရန် zip file size မှာ (
882.79 KB)သာရှိပါသည်။
https://www.dropbox.com/s/s33qf5v0s2qb208/i9300.7z

ကိုယ်တိုင်ပြုလုပ်နည်း
ယခု ဖိုင်ဆိုဒ်ချုံ့မည့်နေရာတွင် အဆင့်နှစ်ဆင့် ရှိမည်ဖြစ်ပါသည်...
ပထမအဆင့်အနေဖြင့် မိမိချုံ့လိုသောဖိုင်အား iso ဖိုင်အဖြစ်သို့ပြောင်းလဲရန်...
ဒုတိယအဆင့်တွင် 7zip ဆော့ဝဲဖြင့် zip ဖိုင်အဖြစ်ပြောင်းလဲခြင်းတို့ဖြစ်ပါသည်။
Power IOS pc application အား ဒေါင်းလုပ်ရယူရန်...
https://www.dropbox.com/s/wztbiqiqggfje54/PowerISO_v5.0.rar
မူရင်း ဖိုင်အား iso ဖိုင်အဖြစ်သို့ပြောင်းလဲနေပုံ


ပြုလုပ်နည်း
၁။ ။ Software များကို pc တွင် Install လုပ်ပါ။

၂။ ။မိမိ ချှုံလိုသောဖိုင်ကို img ဖိုင်သို့ အရင်ဆုံးပြောင်းပါ။ (img ဖိုင်ပြောင်းနည်းကို အပေါ်ပုံတွင်ပြပေးထားပါသည်)
၃။ ထို့နောက် ရရှိလာသော img ဖိုင်ကို Righit Click နှိပ်ပြီး ပုံတွင်ပြထားသည့်အတိုင်း Add to achive... ကိုနှိပ်ပေးပါ။


၎။ ။ ၄င်းနောက် Menu Box ထဲတွင် "7-zip" ကိုအောက်ပါ..ပုံအတိုင်းရွေးပေးလိုက်ပါ။


ပုံတွင်အဆင့်ဆင့်ပြထားသည့်အတိုင်းဆက်လက်လုပ်ဆောင်ပြီး ok ကိုနှိပ်ပါ...
အာ့းလုံးပဲ..ဖိုင်ဆိုဒ်ကြီးသော firmware များကို အစဉ်ပြေစွာ..Uploading တင်ပေးနိုင်ကြပါစေ။
Zip ဖိုင်ချုံ့နည်းအား Youtube တွင် ဗွီဒီယိုဖိုင်ဖြင့် လေ့လာရန်
https://www.youtube.com/watch?v=Xsx7b1NP0FM

ကျေးဇူးတင်ပါသည်။  written by Aung Thet Oo ။