Sunday, September 29, 2013

Root နဲ့ Jailbreak ဆိုတာ ဘာလဲ



       ဒီနေ့ နံနက် Facebook ဖွင့်ကြည့်လိုက်တော့ အသိညီလေးတစ်ယောက်က မြန်မာစာသွင်းဖို့ Root နဲ့ JailBreak လုပ်တာဟာ သူခိုးများအသွင် ပြောင်းယူတာတဲ့ ရှိရှိသမျှ ပတ်ဝန်းကျင် က သူငယ်ချင်းအပေါင်းအသင်းတွေက လာလာပြီး ခိုင်းသမျှ ဖုန်းတွေ ကို Root လုပ်ထားတာ ဖြင့် တစ်ပုံတစ်ပင်။ သူပြောမှ ငါက သူခိုးခေါင်းဆောင်ကြီးကို ဖြစ်လို့။

Android ဟာ Linux Kernel ပေါ်မှာ အခြေခံ ပြီးရေးထားတဲ့ Operation System တစ်ခုပါ။ အခြား Linux Kernel ပေါ်မှာ အခြေခံ ရေးထားတဲ့ Free BSD လို ဒါမှမဟုတ်  Apple ရဲ့ OSX OS တစ်မျိုးပါပဲ။ သူ့ အတွက် Root လုပ်တာက Linux မှာ administrative permissions ရဖို့ အတွက် ပြင်ဆင်လိုက်တာပါပဲ။


Root ဒါမှမဟုတ် Jailbreak ဆိုတာ စက်တစ်လုံးရဲ့ ထိမ်းချုပ်နိုင်မှု အမြင့်ဆုံး အဆင့် ဖြစ်တဲ့ administrator-level permissions ကို ရယူနိုင်အောင် လုပ်တာပါ။ ကိုယ်ပိုင်တဲ့ ပစ္စည်း တစ်ခုကို အဲ့ အဆင့် အထိ ရယူသုံးစွဲနိုင်အောင် လုပ်တာ က ဥပဒေကြောင်းအရ တရားဝင် လဲ ဖြစ်ပါတယ်။ US မှာ User တွေဟာ အကန့် အသတ်မရှိ Root ဒါမှမဟုတ် Jailbreak တရားဝင်လုပ်ခွင့်ရှိပါတယ်။


ဘာလို့ Root လုပ်ရတာလဲ ဆိုတော့ administrator-level permissions ရယူသုံးစွဲဖို့ လိုတဲ့ Application တွေ အတွက် ပါ။

ဥပမာ မြန်မာဖွန့် သွင်းမယ်ဆိုရင်  System ရဲ့ Fonts ဖိုဒါထဲကို မြန်မာစာ ဖွန့် ကို ကူထည့်လိုက်တာပါ။ အဲ့ အဆင့်တွေ အတွက် System ဖိုင်တွေကို လှမ်း ကိုင်တွယ်ဖို့ ဆိုတာ  administrator-level permissions လိုအပ်ပါတယ်။ ဒီအတွက် Root လုပ်ရတာပါ။

နောက်ပြီး bootloader unlock လုပ်တာပါ။ ဒါက ကွန်ပျူတာမှာဆိုရင် BIOS ကို ပြင်ဆင်ခွင့် ပိတ်ထားတာကို ပြင်ဆင်ခွင့် ရအောင် ပြန်လုပ်တာမျိုး ပါပဲ.....။

ကဲ ဒါတွေ လုပ်တော့ ဘာဖြစ်သတုန်း ဆိုတော့  စက်ထုတ်တဲ့ Company က သူ့ ရဲ့ အမခံ မှု ကို ဖျက်သိမ်းတယ်ပေါ့။

သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့ ဆိုရင် စက်တစ်လုံးဝယ်လိုက်လို့ အဲ့ စက်ရဲ့ Hardware အစိတ်အပိုင်းတွေကို ဖြုတ်ကြည့် ရင်  အမခံဖျက်သိမ်းမှာ စိုးတော့ ဖွင့်မကြည့်ကြပေမဲ့ Developer တွေကတော့ လက်ငြိမ်ငြိမ်မနေနိုင်ပေါင် ရရာလက်နှက် စွဲကိုင်ပြီး ဖွင့်တာပါပဲ.........
                                                                                     ခြင်္သေ့မြေခွေး

Monday, September 23, 2013

Ultra Zip file ပြုလုပ်နည်း

Download ဖိုင်ဆိုဒ်ကြီးကြီး..ကို..Upload တင်သောသူတွေအတွက်..အစဉ်ပြေရန်ရည်ရွယ်ပါသည်
Zip ဖိုင်အား ကိုယ်တိုင်မပြုလုပ်မီ ယခု ဖိုင်လေးအား ဦးစွာဒေါင်းပြီး zip ဖြည်ကြည့်စေချင်ပါသည်....
မည်မျှ အံ့သြဖွယ်ရယ်ကောင်းသည်ကို တွေ့မြင်ရပါမည်....
စမ်းသပ်ထားသော Samsung GT-i9300 firmware ဖိုင်အားဒေါင်းယူပြီး 7zip ဖြင့် ဖြည်ကြည့်ကြပါခင်ဗျာ..
ဒေါင်းရန် zip file size မှာ (
882.79 KB)သာရှိပါသည်။
https://www.dropbox.com/s/s33qf5v0s2qb208/i9300.7z

ကိုယ်တိုင်ပြုလုပ်နည်း
ယခု ဖိုင်ဆိုဒ်ချုံ့မည့်နေရာတွင် အဆင့်နှစ်ဆင့် ရှိမည်ဖြစ်ပါသည်...
ပထမအဆင့်အနေဖြင့် မိမိချုံ့လိုသောဖိုင်အား iso ဖိုင်အဖြစ်သို့ပြောင်းလဲရန်...
ဒုတိယအဆင့်တွင် 7zip ဆော့ဝဲဖြင့် zip ဖိုင်အဖြစ်ပြောင်းလဲခြင်းတို့ဖြစ်ပါသည်။
Power IOS pc application အား ဒေါင်းလုပ်ရယူရန်...
https://www.dropbox.com/s/wztbiqiqggfje54/PowerISO_v5.0.rar
မူရင်း ဖိုင်အား iso ဖိုင်အဖြစ်သို့ပြောင်းလဲနေပုံ


ပြုလုပ်နည်း
၁။ ။ Software များကို pc တွင် Install လုပ်ပါ။

၂။ ။မိမိ ချှုံလိုသောဖိုင်ကို img ဖိုင်သို့ အရင်ဆုံးပြောင်းပါ။ (img ဖိုင်ပြောင်းနည်းကို အပေါ်ပုံတွင်ပြပေးထားပါသည်)
၃။ ထို့နောက် ရရှိလာသော img ဖိုင်ကို Righit Click နှိပ်ပြီး ပုံတွင်ပြထားသည့်အတိုင်း Add to achive... ကိုနှိပ်ပေးပါ။


၎။ ။ ၄င်းနောက် Menu Box ထဲတွင် "7-zip" ကိုအောက်ပါ..ပုံအတိုင်းရွေးပေးလိုက်ပါ။


ပုံတွင်အဆင့်ဆင့်ပြထားသည့်အတိုင်းဆက်လက်လုပ်ဆောင်ပြီး ok ကိုနှိပ်ပါ...
အာ့းလုံးပဲ..ဖိုင်ဆိုဒ်ကြီးသော firmware များကို အစဉ်ပြေစွာ..Uploading တင်ပေးနိုင်ကြပါစေ။
Zip ဖိုင်ချုံ့နည်းအား Youtube တွင် ဗွီဒီယိုဖိုင်ဖြင့် လေ့လာရန်
https://www.youtube.com/watch?v=Xsx7b1NP0FM

ကျေးဇူးတင်ပါသည်။  written by Aung Thet Oo ။