Icon Pinch သုံးပြီး iPhone Sreen
ပိတ်မယ်...
iphone သုံးတဲ့ user များ screen ကို power ခလုတ်ကို မသုံးဘဲနဲ့ ပိတ်လို့ရတဲ့နည်းလေးပြောပြချင်လို့ပါဗျ.... iphone တွေမှာ Jailbreak လုပ်ပီးကတည်းက ပါလာတဲ့ activator ကိုအသုံးပြုမှာပါဗျ....ဆော့ဝဲလ်မသုံးပါ... ဒီ activator ကိုသုံးနည်းမသိသေးသူတွေအတွက်ပါ....သိပီသူတွေအတွက်က ကျွန်တော်ကိုခွင့်လွှတ်ပါဗျ.... ကဲစလိုက်ကြရအောင်ဗျ.... Setting >> Activator ကိုဖွင့်.. At Home Screen ကိုရွေး.... Icon Pinch ကိုထပ်ရွေးပါ (or) Icon Spread နှစ်ခုကို မိမိအသုံးပြုချင်တဲ့ style နဲ့အသုံးပြုနိုင်ပါတယ်... Icon Pinch ဆိုတာ လက်နှစ်ချောင်းကို sreen ပေါ်ထောက်ပီ တစ်နေထဲမှာ စုတာကိုပြောတာပါ...(photo zoom ချုံ့ သလိုပါပဲ) Icon Spread ဆိုတာကတော့ ထောက်ထားတဲပလက်နှစ်ချောင်းကို ချဲလိုက်တာပါ... photo zoom ချဲ့သလိုပါဗျ.... ပီးရင် Lock Device ကိုရွေးပါ... ဒါဆိုရင်တော့ Icon Pinch (or) Icon Spread နဲ့ စတင်အသုံးပြုနိုင်ပါပီဗျ.. Home screen ကိုသွားပီစမ်းကြည့်လိုက်ကြပါဗျ..... လက်နှစ်ချောင်းကိုထောက်ရင်တော့ home screen လွတ်တဲ့နေရာလေးမှာတစ်ချောင်းထောက်ပီ ကျန်တဲ့တစ်ဖက်ကို ကြိုက်တဲ့နေရာမှာ ထောက်ပီ စု/ချဲ့ လုပ်ပါဗျ.... စစထောက်ခြင်း icon ကိုထောက်မိရင် ထောက်မိတဲ့ apk icon လေးကမဲသွားပါလိမ့်မယ်ဗျ... အဲလိုလေးမဲသွားရင် အဲဒီ apk ကိုဖွင့်ပီ ပြန်ထွက်လိုက်ပါဗျ..အဆင်ပြေသွားပါလိမ့်မယ်....ကျွန်တော် screenshot လေးတင်ပေးထားပါတယ်ဗျ... Icon Pinch သုံးတဲ့သူတွေက screen ပေါ်မှာ လက်နှစ်ချောင်းကို စုလိုက်တာနဲ့ power ပိတ်သွားပါလိမ့်မယ်ဗျ... Icon Spread သုံးတဲ့သူတွေက screen ပေါ်မှာ လက်နှစ်ချောင်းကို ချဲ့လိုက်ရင် ပိတ်ပါပီဗျ..... ဒါဆိုရင်တော့ power ခလုတ်ကိုနှိပ်စရာမလိုတော့ပါဗျ.... |
Friday, September 20, 2013
iphone ကို Icon Pinch သုံးပီ screen ကိုပိတ်မယ်
How to Hack Game Coins @iOS
iAP cracker နဲ့ ခိုးမရတဲ့ ဂိမ်းတွေ ရှိတတ်ပါတယ်။ စိတ်မပူပါနဲ့ Game Player နဲ့ ခိုးလို့ရပါသေးတယ်။source ကို iphone.gsm.vn အက်ဒ်ပါ။GamePlayer ဆိုတဲ့ tweaks ကိုထဲ့ပါ။
hack ချင်တဲ့ ဂိမ်းကို ဖွင့်ပါ။ ကျနော် InfinityBlade II ကို ဥပမာပေးပါမယ်။Infinity Blade II ထဲရောက်ရင် ပိုက်ဆံ ၅၀၀ လောက်ရအောင် ဆော့လိုက်ပါ။
၅၀၀ ခန့်ရခဲ့ရင် Infinity Blade II ကို run နေစေပီး GamePlayer ထဲသွားပါ။Please select an application to modify ကိုနှိပ်ပီး Infinity Blade II ကိုရွေးပေးပါ။ပိုက်ဆံအတိအကျက 512 ဆိုပါစို့ .. gameplayer ထဲတွင် 512 ရိုက်ထဲ့ပီး မှန်ဘီလူးပုံလေးကိုနှိပ်ပါ။searched xxxxxitems ဆိုပီး ပေါ်လာပါလိမ့်မယ်။ဂိမ်းထဲ ပြန်သွားပါ။
ခုန ၅၁၂ ဂိမ်းထဲမှ ဈေးချိုသော ဥပမာ ၂၀၀ တန်တခုလောက်ဝယ်လိုက်ပါ။ ပိုက်ဆံ ၃၁၂ ကျန်ပါလိမ့်မယ်။Gameplayer ထဲပြန်သွားပီး 312 ရိုက်ပီး မှန်ဘီလူးကိုနှိပ်ပါ။ item list တွေ ပေါ်လာပါလိမ့်မယ်။ ပိုတိကျချင်ရင် နောက်ဈေးချိုတာ တခု ထပ်ဝယ်ပီး ခုနလို မှတ်ပီး ထပ်ရှာပါ။
ထိုအိုင်တမ်ထဲ ၀င်ပြီး ၁၀စကန့်စောင့်ရ်ျ လိုချင်သော ပမာန ဥပမာ - ၉၉၉၉၉၉ ရိုက်ထဲ့ပါ။ဂိမ်းထဲပြန်သွားပါ တခုလောက် ထပ်ဝယ်လိုက်ပါ။ လိုချင်သော အမောင့် ရနေပါလိမ့်မယ်။
screenshot များအတွက်တော့ သီးခံပါ။ ကျနော် ပုံတင်ရမှာ ဒီကွန်နက်ရှင်နဲ့ အားကြီး ပျင်းပါတယ်။သူခိုးကြီး ငတက်ပြား များ ဖြစ်နိုင်ပါစေ။ ... :D
ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊
ဖုန်းကတ်ပျောက်၊
ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဖုန်းအလိုက် သတ်မှတ်ဖုန်း နံပါတ်များသို့ မေးမြန်းနိုင် Share This Add to Delicious Share on FriendFeed Digg submit
to reddit Tags ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါ
ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/ WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-
၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် 01- 217219 နှင့် 09- 73000000၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် 01-656994 နှင့် 01-656995 တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်းသတင်းစာတို့ တွေ့ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရ သိရသည်။ ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေး ဌာနများအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရသည်။ “ခါတိုင်းကတော့ Call Center ကနေပဲ တစ်ဆင့် ကတ်ပျောက်ကတ်ပျက်နဲ့ ပတ်သက်တာတွေကို မေးမြန်းဖြစ်ပါတယ်။ သက်ဆိုင်ရာ ဖုန်းနံပါတ်တွေ တစ်ခုချင်းစီမှာ ဆက်သွယ်နိုင်ပြီဆိုရင်တော့ ကိုယ်သိချင်တာတွေကို သေသေချာချာမေးလို့ ရတာပေါ့။ ဖုန်းတွေက အမြဲမအားဘူး ဖြစ်နေတာမျိုး မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်” ဟု
ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည့် မမေမြတ်သူက ပြောသည်။ ကတ်ပျက်ခြင်းအတွက် ပြန်လည် လျှောက်ထားရာတွင် အခမဲ့
ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။ “၁၅
မိနစ်လောက်ပဲ ကြာပါတယ်။ ကတ်ပျက်တာ ချက်ချင်းပြန်လဲပေးတယ်။ ကတ်ပျက်လဲပေးတဲ့ ဌာနသီးသန့်ရှိပြီး အဲ့ဒီနေရာမှာ သွားရောက် လဲလှယ်ရတာ ဖြစ်ပါတယ်” ဟု
ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးတွင် ကတ်ပျောက်သွားရောက် လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ သွားရောက်လျှောက်ထားရာတွင် စာချုပ်မိတ္တူသာ လိုအပ်ကြောင်း ၎င်းကပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်အတွက် ငါးထောင်ကျပ်ဝန်းကျင်ဖြင့် ပွဲစားဈေးကွက်အတွင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးအနီးရှိ ပွဲစားအချို့ထံမှ သိရှိရသည်။
MD
Y 310 Touch error ဖြေရှင်းနည်း
|
Subscribe to:
Posts (Atom)