Saturday, May 25, 2013

rar & zip password တွေပေးထားလျှင်ကျော်နည်း

rar ဖိုင်နဲ့ zip ဖိုင်တွေ download လုပ်ပြီးမှ password မသိတော့ဘူး ပြန်ရှာလည်းမတွေ့ဘူး။ ဘယ်လိုလုပ်ရမလဲဆိုသူတွေအတွက်
Any method to remove the password from rar file?
Nope, there’s no method except for dictionary or brute force attacks. What use would the password be if you could remove it?
အရင်က ကျနော်လည်း နည်းမျိုးစုံ tool မျိုးစုံသုံးကြည့်ခဲ့တယ်။ အဆင်မပြေခဲ့ပါဘူး။ ဒီကောင်လေးနဲ့ကျနည်းနည်း အဆင်ပြေတယ်။ သူ့ကို rar & zip password breaker လို့ ခေါ်ကြတယ်။ နာမည်အရင်းကတော့ Advance Rar Password Recovery ပါ။ password ထားပါတယ် ဆိုမှတော့ လူတိုင်းဖွင့်မရစေချင်လို့ပေါ့။ ဒီလောက်လေးပဲ နာမည်တပ်လို့ကောင်းမယ်လေ။ အမှန်မှာတော့ မူရင်း password ကို ပြပေးနိုင်တာပါ။ တော်တော်လေး လန်းပါတယ်။ အောက်မှာ ဆွဲလိုက်ပါ သုံးနည်းဆက်ရေးပေးပါ့မယ်။ အားနည်းချက်ကတော့ password များရင် များသလောက် ကြာချိန်ပိုမှာပါ။


ARPR ဆော့ဝဲကို ဒီမှာဒေါင်းပါ<<<<<
run ပြီးရင် အောက်မှာ မြင်ရတဲ့အတိုင်း မိမိ password လိုချင်တဲ့ဖိုင်ကို ပုံလေးနှိပ်ပြီးထည့်ပါတယ်။ ဒုတိယ ထပ်ဝိုင်းပြထားတဲ့ check box တွေက ဘယ်လို အက္ခရာတွေပါ ရှာရမလဲဆိုတာကို ရွေးပေးဖို့ပါ။ များရင် များသလောက် ကြာပါလိမ့်မယ်။
Image Hosting by Picoodle.com
Lenght ဆိုတဲ့ tab မှာတော့ password ရဲ့ အနည်းဆုံးနဲ့ အများဆုံး ဖြစ်နိုင်ခြေပေါ့။
ကျန်တာတွေက ကြည့်လိုက်ရင် သိပါတယ် အရေးသိပ်မကြီးပါဘူး။ ပြီးရင် အပေါ်ဆုံးက Start ဆိုတာကို နှိပ်ပေးလိုက်ပါတယ်။ အောက်ပါအတိုင်း ရှာနေပါတယ်။
Image Hosting by Picoodle.com
မိမိ Password ကိုတွေ့ပြီ ဆိုရင် အောက်ပါအတိုင်း massage box နဲ့ သတိပေးပါတယ်။ password ကိုလည်း ပြနေပါပြီ ။ save ကို နှိပ်ပေးပြီး ဖိုင်နာမည်တစ်ခုပေး save လိုက်ပါ။ ပြီးရင် တော့ Ok နှိပ်ပေးလိုက်ပေါ့။
Image Hosting by Picoodle.com
ကူးလိုက်တဲ့ password လေးနဲ့ ဇစ်ဖြည်လိုက်ရုံပဲပေါ့။
ဒါကတော့ rar ဖိုင် recovery software တိုင်းနဲ့ တူပါတယ်။ တခြားကောင်တွေထက်စာရင် သူက သုံးလို့ ပိုအဆင်ပြေတယ်။ ဒီလောက်ပါပဲ ။ တကယ် password ရဖို့ ဒီနည်းပဲ ရှိတော့တယ်ဆိုမှ သုံးတာပါ။ password ရှည်သလောက် အချိန်ကြာတယ်ဆိုတော့ သိပ်အဆင်မပြေဘူးလေ။ ကျနော် ကလိလို့ တွေ့ထားတာ တစ်ခုတော့ ရှိတယ်။ စနစ်မကျပါဘူး .. အားလုံးအတွက် အဆင်မပြေပါဘူး။ အခြို့အတွက် တော့ အဆင်ပြေလို့ ပြောပြလိုက်ပါ့မယ်။ ဒီပို့စ်ကို ကျနော် ရေးဖို့လုပ်ထားတာကြာပြီ အခုထက်ကောင်းတာတွေ မတွေ့သေးတော့ မရေးချင်သေးဘူးဖြစ်နေလို့ပါ။ အခုအချိန် တတ်နိုင်သလောက်ပေးထားတယ်လို့ပဲ သဘောထားပေါ့ဗျာ ။
ကျနော်ကလိထားတဲ့နည်းကတော့ winrar ကို ဖွင့်ပါတယ်။ Wizard ဆိုတာကို နှိပ်လိုက်ပါတယ်။ အောက်ပုံအတိုင်း သွားပေးလိုက်ပါ။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

မိမိရဲ့ Password ပါတဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ။
Image Hosting by Picoodle.com
နောက်တစ်ခါ ဖြည်ပြီးဘယ်နား ထားရမလဲမေးပါလိမ့်မယ်။ သူပေးတဲ့နေရာပဲ ထားပေးလိုက်ပါ။ Next ဆက်နှိပ်ပေါ့ ။
Password တောင်းပါလိမ့်မယ်။ Cancel ပဲ ပေးလိုက်ပါ။
Image Hosting by Picoodle.com
ဖြည်လိုက်တဲ့ ဖိုင်ဟာ Folder အလွတ်အတိုင်း ပွင့်လာပါလိမ့်မယ်။ ပြီးရင် အဲဒီ password သိချင်တဲ့ ဖိုင်ကို winrar ထဲ ဆွဲထည့်ပေးလိုက်ပါ။
Image Hosting by Picoodle.com
အောက်ပါအတိုင်း password နဲ့ information တွေ ပေါ်လာပါလိမ့်မယ်။
Image Hosting by Picoodle.com
အခြို့ဖိုင်တွေကြတော့ စပြီး ဇစ်ပြေသွားပါတယ်။ အခြို့ ဘာမှမထူးပါဘူး။ ကျနော်လည်း အဆင်ပြေသလောက်နည်းလေး အသိပေးတာလောက်ပါ။ မရေးသင့်သေးပါဘူး။ လောလောဆယ် ဆေးမြီးတိုလောက်ပေါ့ဗျာ …
အောက်မှာ password ပါတဲ့ rar နဲ့ မပါတဲ့ rar ယှဉ်ပြထားပါတယ်။
Image Hosting by Picoodle.com
Image Hosting by Picoodle.com

အားလုံးပဲအဆင်ပြေကြပါစေ။  မဏ္ဍိုင်  ။